Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ၏ ယခင်တစ်ပတ်နှင့်ယခုတစ်ပတ် နှိုင်းယှဉ်မှု

Last Updated:

နှမ်း(မျိုးစုံ)

နှမ်းမျိုးစုံ ယခုတစ်ပတ် တစ်တင်းလျှင် နှမ်းဖြူ (၈၀၀၀၀-၉၀၀၀၀)ကျပ်၊နှမ်းနက် (၇၅၀၀၀-၈၅၀၀၀) ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၇၅၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ် ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းဖြူ (၈၀၀၀၀-၉၀၀၀၀)၊ နှမ်းနက် တစ်တင်းလျှင် (၈၀၀၀၀- ၉၀၀၀၀)ကျပ်၊  နှမ်းညို တစ်တင်းလျှင် (၇၅၀၀၀) ကျပ် ပေါက်ဈေးရှိပြီး  ယခုတစ်ပတ်နှင့် ယခင်တစ်ပတ်နှိုင်းယှဉ်ပါက နှမ်းဖြူနှင့်နှမ်းညို ဈေးငြိမ်နေပြီး နှမ်းနက် တစ်တင်းလျှင် (၅၀၀၀)ကျပ်  မြင့်တက်လာကြောင်းသိရပါသည်။

မြေပဲလုံးဆံ

ယခုတစ်ပတ် မြေပဲလုံးဆံပေါက်ဈေးများမှာ လုံးဆံဖြူ တစ်ပိဿာ (၅၂၅၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၄၈၀၀)ကျပ် ရှိပြီး ယခင်တစ်ပတ် ကာလတူအချိန်တွင်  လုံးဆံဖြူ တစ်ပိဿာ (၅၃၀၀-၅၄၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၅၁၀၀)ကျပ် ပေါက်ဈေးရှိပါသည်။ ယခုတစ်ပတ်နှင့် ယခင် တစ်ပတ်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ နှင့် ဆီဆံဖြူ ဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News